အာလုံးတော်တော်များ kpay နှိပ်မရလို့ အခက်တွေနေကြမယ် ဆိုတာကိုယ်ချင်းစာပါတယ် ကိုယ်တိုင်လဲဖြစ်ဖူးတော့ သိပါတယ် အချိူမိတ်ဆွေတွေဆို ၂ပတ်လောက်တောင်ကြာပါတယ် မရအဆုံး MPU ကိုပဲအားကိုးကြရတာပေါ့ ကျွန်တော်ကိုယ်တိုင်လဲ online မှာတော်တော် များများလိုက်မေးဖူးပါတယ် တိကျတဲ့အဖြေတော့မရခဲ့ပါဘူး

ကဲအဲတော့ ဘယ်လိုဖြေရှင်းကြမလဲပေါ့ ဒီနေရာမှာ ကျွန်တော့ဒီစာကိုဖတ်နေတဲ့သူက နည်းပညာပိုင်း အထူးသဖြင့်website တစ်ခုဘယ်လိုအလုပ်လုပ်သလဲဆိုတာကို နားလည်တဲ့သူဆိုရင်တော့ လွယ်ကူပါလိမ့်မယ်။ နားမလည်ရင်လဲ ရပါတယ် သေချာ လိုက်လုပ်ကြည့်ရင်ရပါတယ်။

ပြောရမယ်ဆိုရင်တော့ passport.gov.mm websiteက front end framework တစ်ခုဖြစ်တဲ့ Bootstrap နဲ့ backend ဖြစ်တဲ့ PHP language နဲ့ရေးထားတာဖြစ်ပါတယ် ဒီနေရာမှာ နည်းပညာစကားလုံးလေးတွေသုံးထားလို့ ခွင့်ပြုပါ။

တကယ်တော့ mm passport office က kpay ကိုပိတ်ထားတာလဲမရှိသလို user တွေဘက်က သုံးတဲ့ ဖုန်း computer တွေ ကလဲ ပြသာနာမဟုတ်ပါဘူး။ တကယ့်ပြသာနာက သူ့ရဲ့ website ကိုက error လေးရှိနေတာပါ။

မိတ်ဆွေတို့ Form တွေအချက်အလက်တွေဖြည့်ပြီးရင် နောက်ဆုံးမှာ ငွေချေတဲ့နေရာကို ရောက်ပါတယ် အဲနေရာမှာ Kpay ဒါမှမဟုတ် MpU ဆိုပြီး option နှစ်ခုပေးထားပါတယ်။ Kpay ကိုနှိပ်ရင် ဘာမှမပေါ်လာတာတွေ့ရပါတယ် MpU ကိုနှိပ်ရင်တော့ ရပါတယ်။ ဒီနေရာမှာသတိထားမိတာက MpU ကိုနှိပ်ရင် အခြားmpu နဲ့ငွေ‌ေချဖို့ link ဒါမှမဟုတ် page တစ်ခုကိုကူးပြီး browser ကပြပေးပါတယ် Kpay ကိုနှိပ်ရင် ဘာမှမပေါ်လာတာတွေ့ရပါတယ်။ တကယ်ဆို kpay ကိုနှိပ်ရင်လဲ webpage မှာပေါ်ပါတယ် မိတ်ဆွေတို့ မသိလိုက်မိတာပါ ။ ဟုတ်ပါတယ် Kpay နဲ့ငွေချေဖို့ QR code scan ဖတ်ဖို့ ပြပေးပါတယ်။ Bootstrap နဲ့ရေးခဲ့တဲ့သူက error လေးပါသွားခဲ့တာဖြစ်နိုင်ပါတယ်။

ကဲအဲတော့ ဘယ်လိုလုပ်မလဲ ကြည့်ရအောင်…

မိတ်ဆွေတို့အနေနဲ့ passport အတွက် online ကနေ appointment letter လျှောက်တဲ့အခါ internet connection ကောင်းကောင်းနဲ့ computer ရှိရင် computer နဲ့ပဲ လျှောက်စေလိုပါတယ် ဒါမှလဲ kpay နဲ့ဖြေရှင်းလို့ရမှာဖြစ်ပါတယ်။

နံပါတ်၁ အနေနဲ့
ငွေချေရတော့မယ့် နေရာ အဆင့်ကိုရောက်လာပီဆိုရင် ဘာမှမလုပ်သေးပဲ keyboardကနေ Ctrl + Shift + i (အိုင် ) ဒါမှမဟုတ် mouse ကနေ Right click နှိပ်ပီး inspect ကိုရွေးပါ ပီးသွားရင် သူနဲ့သက်ဆိုင်တဲ့ source code မူလ code တွေကိုတွေ့ရပါမယ်။ အောက်ကပုံကိုကြည့်ပါ

ဒီနေရာလေးမှာပဲ keyboard က Ctrl F ကိုနှိပ်ပီး qrModal ဆို ပီးရှာလိုက်ပါ (ရှာရခက်တဲ့သူတွေအတွက်) qrModal တွေ့ ပီဆိုရင် သူ့ဘယ်ဘက်မှာ (qrModal အရှေ့က) modal fade ဆိုတာလေးရှိပါတယ်။ အောက်ကပုံကိုကြည့်ပါ

အဲတော့ကျွန်တော်တို့လုပ်ရမှာက modal နဲ့ fade ကြားမှာ show ဆိုတာ‌ကို ရိုက်ထည့်ပီး Enter နှိပ်လိုက်ရုံပါပဲ။ အောက်ကပုံကိုကြည့်ပါ

show ကိုရိုက်ပီး Enter နှိပ်ပီးတဲ့နောက်မှာ ချက်ချင်းဆိုသလို Scan ဖတ်ဖို့ kpay QR ကျလာပါလိမ့်မယ်

မှတ်ချက်။ ။ အကယ်လို့ QR မကျသေးရင် Kpay ပုံလေးနှိပ်လိုက်ပါ ကျလာပါလိမ့်မယ် အောက်ကပုံကိုကြည့်ပါ။

ပီးရင် scan ဖတ်ပြီးငွေချေရုံပါပဲ scan ကို လဲ မြန်မြန်ဖတ်ပေးဖို့ လိုပါမယ် ဘာကြောင့်လဲဆိုတော့ qr က အချိန်တစ်မိနစ်ပဲပေးလို့ပါ (အတိအကျတော့မသိပါဘူး)။ ဖုန်:ထဲက scan ဖတ်လို့ရလာတဲ့ kpay Invoice no နဲ့ အခုပေါ်နေတဲ့ Invoice no ကို တိုက်စစ်ပီး တူမှ ငွေပေးချေပါ Scan ဖတ်နေတဲ့အချိန်ရော ဖတ်ပီးတဲ့အချိန် ငွေချေပီးတဲ့အချိန်မှာရော ဘာမှမနှိပ်မိပါစေနဲ့ နှိပ်မိသွားရင် qr code က ပြန်ပျောက်သွားနိုင်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။

Scan ဖတ်ပီးလို့ Payment success ပေါ်လာရင် QR ကို close နှိပ်ပေးလို့ရပါပီး ပီးရင် appointment letter ကျလာပါလိမ့်မယ်။ အောက်ကပုံကိုကြည့်ပါ။

အားလုံးပဲ အဆင်ပြေကြပါစေ…

မေတ္တာဖြင့်
Luke Khh

Leave a Reply

Your email address will not be published. Required fields are marked *